Pages

Pages

USDP ဥက္ကဋ္ဌ ဦးခင်ရီ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E.Mr. Sholban Kara - Ool အား လက်ခံတွေ့ဆုံ







MNP ၊ မေ ၂၉

USDP ဥက္ကဋ္ဌ ဦးခင်ရီသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E.Mr. Sholban Kara - Ool ယနေ့ ညနေပိုင်းက USDPဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပါတီများအကြား ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာစေရေး တို့အတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါတွေ့ဆုံပွဲ့သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်စိုး၊ ဦးလှသိန်း၊ ဦးအေးလွင်တို့ တက်ရောက်ခဲ့ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ အဖွဲ့ဝင်(၇)ဦး ကို လက်ခံတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost


No comments:

Post a Comment