Pages

Pages

ပေါင်းတည်၌ ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး


MNP ၊    ဇွန်   ၇

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ရပ်ကွက်များနှင့်ကျေးရွာများအတွင်းရှိ အသက် ၂ လမှ ၁ နှစ်ခွဲအရွယ်ထိ ကလေးသူငယ်များအား တစ်လတစ်ကြိမ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းအစီအစဉ်ကို ကျေးရွာကျန်းမာရေးဆေးပေးခန်းများ၊ တိုက်နယ်ဆေးရုံများနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့တွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ကြကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကျေးရွာများအတွင်း သတ်မှတ်စုရပ်နေရာများ၌လည်း စီစဉ်ဆောင်ရွက်ပေးခဲ့ကြပြီး ကလေးသူငယ်များကိုအဆုတ်တီဘီ၊ ငါးမျိုးစပ်(BCG)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ မေးခိုင်၊ ဂျိုက်သိုးနှင့်ဝက်သက်ရောဂါ ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးခဲ့ကြကြောင်း သိရသည်။


အဆိုပါ မြို့နယ်အတွင်းရှိကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ကျန်းမာရေး ဝန်ထမ်းများက စဉ်ဆက်မပြတ်စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့နံနက်ပိုင်းတွင်မြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ကလေးသူငယ် ၈၂ ဦးကို ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။


သူရကြီး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment