Pages

Pages

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၃-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထုတ်ပြန်ကြေညာ




MNP ၊    ဇွန်   ၉

၂၀၂၃-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက်၆နာရီက ထုတ်ပြန်ကြေညာရာ၊ မွန်ပြည်နယ်၊ကျိုက်ထို မြို့နယ်အတွင်း ၄၀၄ဦး အောင်မြင်ခဲ့ကြောင်းသိရသည်။


  ကျိုက်ထို မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၄ ခုတွင် ကျောင်းသားကျောင်းသူ  ၆၁၈ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး  ၄၀၄ဦးအောင်မြင်ခဲ့သည်။  


      အောင်မြင်မှုများတွင် ငါးဘာသာဂုဏ်ထူးရှင် ၃ ဦး ၊ လေးဘာသာဂုဏ်ထူးရှင် ၃ ဦး ၊ သုံးဘာသာဂုဏ်ထူးရှင် ၈ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၄၅ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၀၀ ဦး စုစုပေါင်း ၁၅၉ ဦးဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်းမှာ၆၅.၃၇၂ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment