MNP ၊ ဇွန် ၂
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်၌ ယမန်နေ့ညနေပိုင်းက လေပြင်းများတိုက်ခတ်သဖြင့် နေအိမ်(၅)လုံးအမိုးလန်ပျက်စီးခဲ့ကြောင်းသိရသည်။
အဆိုပါလေပြင်းတိုက်ခတ်မှုဖြစ်စဉ်ကြောင့် ပေါက်ခေါင်းမြို့နယ် ဝက်တိုးကျေးရွာကျေးရွာတွင်နေအိမ်(၁)လုံး အမိုးလန်ပြီး ဆုံးရှုံးမှုတန်ဘိုး ၂၅၀၀၀၀ ကျပ်နှင့်အဆိုပါကျေးရွာတွင်ပင် နေအိမ်(၁)လုံး အမိုး လန်ပြီး ဆုံးရှုံးမှုတန်ဘိုး ၈၀၀၀၀ ကျပ်၊ရှားစီးဖိုကျေးရွာတွင် နေအိမ်(၁)လုံး အမိုးလန်ပြီး ဆုံးရှုံးမှုတန်ဘိုး ၈၀၀၀၀ ကျပ်၊ထောင်ရကျေးရွာတွင်နေအိမ်(၁)လုံးအမိုးလန်ပြီး ဆုံးရှုံးမှုတန်ဘိုး ၇၀၀၀၀ ကျပ်နှင့် အမှတ်(၃)ရပ်ကွက်တွင်နေအိမ်(၁)လုံး အမိုးလန်ပြီးဆုံးရှုံးမှုတန်ဘိုး ၃၀၀၀၀ ကျပ်၊စုစုပေါင်းလူနေအိမ်(၅)လုံး အမိုးလန်ပျက်စီးမှုများဖြစ်ပွါးခဲ့ပြီး ပျက်စီးမှုတန်ဖိုးမှာ ၅၁၀၀၀၀ ကျပ်ရှိပြီး နေအိမ်အမိုးလန်ပျက်စီးခဲ့သည့် မိသားစုများယာယီ နေထိုင်နိုင်ရေးအတွက် ရပ်မိရပ်ဖများ၊ မိသားစုဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး လေပြင်းတိုက်ခတ်မှုကြောင့်လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်းသိရသည်။
#MyanmarNationalPost


No comments:
Post a Comment