Pages

Pages

သံတောင်ကြီးမြို့၊ ဘုရင့်နောင်အခြေခံပညာအထက်တန်းကျောင်းတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲဆောင်ရွက်



MNP ၊    ဇွန်   ၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကျောင်းသူကျောင်းသားများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်နှင့် လမ်းစည်းကမ်းများကို သိရှိစေရန်အတွက် ယနေ့နံနက် (၉) နာရီအချိန်က သံတောင်ကြီးမြို့ ဘုရင့်နောင် အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး‌ဟောပြောပွဲ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ  ခရိုင်ပညာရေးမှူး ဦးတင့်ဝေက အဖွင့်အမှာစကားပြောကြားပြီး  သံတောင်ကြီးမြို့မစခန်းမှူး ဒုရဲမှူးထွန်းလှအောင်က မီးပွိုင့်များတွင် တပ်ဆင်ထားသော လမ်းဆုံနေရာများတွင် လိုက်နာရမည့်အချက်များ၊ ယာဉ်ကွေ့ရာတွင် သတိပြုရမည့်အချက်များ၊ လမ်းဖြတ်သန်းရာတွင် ဆောင်ရန်ရှောင်ရန်များ၊ ယာဉ်များကျော် တက်ရာတွင် သတိပြုရမည့်အချက်များ၊ ဆိုးဝါးသောရာသီဉတုအခြေအနေကြောင့် မြင်ကွင်းရှင်းလင်းစွာ မမြင်ရချိန်တွင် ပြုလုပ်ရမည့်အချက်များ စသည့် အကြောင်းအရာများ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


ထို့နောက် တက်ရောက်လာသော ကျောင်းသူကျောင်းသားများက ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်၍ သိရှိလိုသည့် အကြောင်းအရာများအား မေးမြန်းရာ တာဝန်ရှိသူများက ဖြေကြားပေးခဲ့ကြောင်း သိရသည်။


နော်နော်မူ

 https://t.me/MyanmarNationalPost




No comments:

Post a Comment