Pages

Pages

ပေါင်မြို့နယ်တွင် ၂၀၂၃-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထုတ်ပြန်ကြေညာ




MNP ၊    ဇွန်   ၉

၂၀၂၃-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက်၆နာရီက ထုတ်ပြန်ကြေညာရာ၊ မွန်ပြည်နယ်၊ပေါင် မြို့နယ်အတွင်း ၂၇၀ဦး အောင်မြင်ခဲ့ကြောင်းသိရသည်။


  ပေါင် မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို အထက(ပေါင်) စာစစ်ဌာန တွင် ကျောင်းသားကျောင်းသူ  ၃၉၆ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး  ၂၇၀ဦးအောင်မြင်ခဲ့သည်။  


      အောင်မြင်မှုများတွင် ငါးဘာသာဂုဏ်ထူးရှင် ၁ ဦး ၊ လေးဘာသာဂုဏ်ထူးရှင် ၁ ဦး ၊ သုံးဘာသာဂုဏ်ထူးရှင် ၇ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၂၈ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၆၂ ဦး စုစုပေါင်း ၉၉ ဦးဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်းမှာ၆၈.၁၈ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment