Pages

Pages

မာန်အောင်မြို့နယ်တွင် မိုခါ မုန်တိုင်းဒဏ်ခံခဲ့ရသည့် ပြည်သူများအား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်





MNP ၊    ဇွန်   ၄

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့် ကျေးလက်နေ ပြည်သူများအား တိုင်းရင်းဆေးဖြင့်(အခမဲ့)ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းကို ယနေ့မွန်းလွဲ၁နာရီက ဘဲအင်းကျေးရွာအုပ်စု၊ဘဲအင်းကျေးရွာ၌ဆောင်ရွက်ခဲ့သည်။


   ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်တိုင်းရင်းဆေးကုဌာန၊တိုင်းရင်းဆေးခန်းမှူး ဦးမြင့်ဦးနှင့်ဝန်ထမ်းများက ဘဲအင်းကျေးရွာရှိဒေသခံပြည်သူများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊သွေးတိုး၊ဆီးချိုရှိသူများအား ဆေးကုသပေးခြင်း၊ထုံနာ၊ကျဥ်နာရှိသူများအား လိမ်းဆေးနှင့် လိုအပ်သောဆေးဝါးများပေးခြင်း စသည့် ပြည်သူ၂၅ဦးခန့်အား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကိုဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment