Pages

Pages

မြောက်ဦးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင် ၆၂.၅၁ ရာခိုင်နှုန်းအောင် မြင်မှုရှိ






MNP ၊    ဇွန်   ၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာ မေးပွဲအောင်မြင်သူများစာရင်းအား ယနေ့ နံနက် ၆ နာရီ အချိန်မှစတင်၍ ထုတ်ပြန်လျက်ရှိရာ ကျောင်းသူ/ကျောင်းသားများနှင့် ကျောင်းသားမိဘများ က လာရောက်ကြည့်ရှုလျက် ရှိကြောင်း သိရသည်။


မြောက်ဦးမြို့နယ်တွင် စာစစ်ဌာန(၃)ခုရှိပြီး ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၈၇၅)ဦးရှိကာ စာမေးပွဲအောင်မြင်သူ (၅၄၇) ဦးနှင့် ၄ ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၈ ဦး နှင့် ၁ ဘာသာဂုဏ်ထူးရှင် ၆၃ ဦး တို့ ရှိရာ အောင်ချက်ရာခိုင်နှုန်းမှာ (၆၂.၅၁ )  ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


မြင့်စိုး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment