မောက်မယ်မြို့နယ်၌ (၄၁)ကြိမ်မြောက် ပရိယတ္တိသာသနပါဒကစာပွဲတော် အောင်လက်မှတ်နှင့် အောင်ဆုချီးမြှင့်ဆက်ကပ်သည့် ဆုနှင်းသဘင်အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မောက်မယ်မြို့နယ်၌ (၄၁)ကြိမ်မြောက် ပရိယတ္တိသာသနပါဒကစာပွဲတော် အောင်လက်မှတ်နှင့် အောင်ဆုချီးမြှင့်ဆက်ကပ်သည့် ဆုနှင်းသဘင်အခမ်းအနား ကျင်းပ



MNP ၊    ဇွန်   ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပရိယတ္တိသာသနပါဒကကျောင်းကြီးစာသင်တိုက်၌ (၄၃)ကြိမ်မြောက် ပရိယတ္တိသာသနပါဒကစာမေးပွဲ အောင်လက်မှတ်နှင့် အောင်ဆုချီးမြှင့်ဆက်ကပ်သည့် ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နေ့လယ်(၁)နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသောဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက နမောတဿသုံးကြိမ် ရွတ်ဆိုပူဇော်ဘုရားကန်တော့ဖွင့်လှစ်ပြီး ဟိုနမ့်ကျေးရွာအုပ်စု၊ မွေတော်စန့်မနွဲ့ကျောင်း ဘဒ္ဒန္တပညာဇောတ ဆရာတော်ထံ ငါးပါးသီလခံယူဆောက်တည်၍ (၄၁)ကြိမ်မြောက် ပရိယတ္တိသာသနပါဒက စာမေးပွဲအောင်မြင်တော်မူကြသည့် သံဃာတော်ရှင်သာမဏေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်အလှူရှင်များက အောင်လက်မှတ်နှင့် အောင်ဆုများချီးမြှင့်ဆက်ကပ်တော်မူပြီး ကြွရောက်လာကြသော သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များချီးမြှင့်ခြင်း၊ အလှူရှင်များကလှူ ဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ပြီး ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ ဆက်လက်ပြီး အခမ်းအနားသို့ ကြွရောက်လာကြသောဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များ က ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။


ပရိယတ္တိသာသနပါလစာမေးပွဲကို ဇွန်လ(၄)ရက်နေ့မှ(၉)ရက်နေ့အထိ ပရိယတ္တိသာသနပါဒက ကျောင်းကြီးစာသင်တိုက်၌ စာမေးပွဲကြီးကြပ်ရေးဆရာတော်များအဖွဲ့ ဖွဲ့စည်း၍ စနစ်တကျ ကျင်းပပြု လုပ်ခဲ့ရာ စာပွဲတော်တွင် စုစုပေါင်း ရှင်သာမဏေ(၁၆၉)ပါးက ဝိနိယဘာသာ၊ သဒ္ဒါဘာသာ၊ ကစ္စည်းသဒ္ဒါဘာသာ၊ အဘိဓမ္မတ္ထသင်္ဂဟဘာသာ၊ ပရိယတ္တိဘာသာ၊ မာတိကာဓာတုကထာဘာသာနှင့် အဘိဓာန်အလင်္ကာဆန်းဘာသာများအား ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။


စိုင်းမျိုးသန့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)