Pages

Pages

တောင်ကုတ်မြို့နယ်၌ တိုင်းရင်းဆေးပညာဖြင့် အဘိုးအဘွားများကို ကျန်းမာရေးစောင့်ရှောက်မှုပေး





MNP ၊    ဇွန်   ၈

ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန မှ တိုင်းရင်းဆေးပညာဖြင့် ရွှေမေတ္တာဘိုးဘွားရိပ်သာမှ အဘိုးအဘွားများအား ယနေ့နံနက်(၁၁)နာရီအချိန်က ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။


ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းလှိုင် နှင့်ဝန်ထမ်း များက ဘိုးဘွားရိပ်သာရှိ အဘိုး(၁၃)ဦး ၊ အဘွား(၂၀)ဦး စုစုပေါင်း(၃၃)ဦးတို့အားသွေးပေါင်ချိန်ခြင်း၊ ဒူးနာ ၊ ခါးနာ၊ ကျီးပေါင်းရောဂါခံစား နေရသူများအတွက် ဆေးလိမ်းပေးခြင်းနှင့်အတူ အခြားသော ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများကိုဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment