သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာ အခြေခံပညာ(အ-ထ-က)ခွဲကျောင်း ပြန်လည် ဖွင့်လှစ်နိုင်ရန် တွေ့ဆုံဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာ အခြေခံပညာ(အ-ထ-က)ခွဲကျောင်း ပြန်လည် ဖွင့်လှစ်နိုင်ရန် တွေ့ဆုံဆွေးနွေးပွဲကျင်းပ





MNP ၊    ဇွန်   ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာရေးအပြည့်အဝသင်ကြားနိုင်ရေး အလေးနက်ထားဆောင်ရွက်လျက်ရှိရာ သရက်နှစ်ခွကျေးရွာ အခြေခံပညာ(အ-ထ-က)ခွဲကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရန် တွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့က သရက်ချောင်းမြို့နယ်၊ အခြေခံပညာသရက်နှစ်ခွ(အ-ထ-က)ခွဲ ကျောင်း၌ ကျင်းပခဲ့သည်။


အဆိုပါတွေ့ဆုံပွဲသို့ ထားဝယ်ခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒု-ဗိုလ်မှူးကြီး နေလင်းသောင်းနှင့်အဖွဲ့ဝင်များ၊ ထားဝယ်ခရိုင်၊ ပညာရေးမှူး ဦးမျိုးလွင်၊ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်အဖွဲ့ဝင်များ၊ သရက်ချောင်းမြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ မြို့နယ်ခေတ္တစခန်းမှူး ဒုရဲအုပ် နန်း၀င်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိ/ရပ်ဖ (၃၃)ဦးတက်ရောက်ခဲ့သည်။


အဆိုပါတွေ့ဆုံပွဲတွင် ထားဝယ်ခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဒု-ဗိုလ်မှူးကြီး နေလင်းသောင်းက သရက်နှစ်ခွကျေးရွာ အခြေခံပညာ (အ-ထ-က)ခွဲကျောင်းအား ပြန်လည် ဖွင့်လှစ်နိုင်ရေး ကျောင်းသားမိဘများက ဝိုင်း၀န်းကူညီပေးရန်နိုင်ငံတော်မှ ချမှတ်ပေးထားသော မူဝါဒများအား ရှင်းလင်းပြောကြားကာ အဖွင့်အမှာစကား ပြောကြားခဲ့သည်။


ဆက်လက်၍ ထားဝယ်ခရိုင်၊ ပညာရေးမှူး ဦးမျိုးလွင်က ကျောင်းနေအရွယ် ကလေးများအားလုံးပညာသင်ကြားနိုင်ရေး၊ ကျောင်းနေအရွယ် ကလေးများအားလုံး စာတတ်မြောက်ရေး ကျောင်းသားမိဘများအနေဖြင့် ဝိုင်း၀န်းကူညီဆောင်ရွက်ပေးကြရန်နှင့် ပညာရေးနှင့် ပတ်သက်သော အပိုင်းကဏ္ဍများအားရှင်းလင်းပြောကြားခြင်း၊ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦးက စာသင်ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်‌ရေးအတွက် ကျောင်းသားမိဘများမှ ဒေသအာဏာပိုင်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် စသည်ဖြင့်ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်လာသော ရပ်မိ/ရပ်ဖများနှင့် ဒေသခံပြည်သူများမှ ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရန်လိုအပ်ချက်များကို အသီးသီးရှင်းလင်းဆွေးနွေးတင်ပြရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ သရက်နှစ်ခွကျေးရွာ အခြေခံပညာ(အ-ထ-က)ခွဲ ကျောင်းအား ဇွန် ၁၅ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


​ပြ​ည့်ဖြိုးပိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)