MNP ၊ ဇွန် ၇
စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းနှင့် စာပေဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အသင်းတို့ ပူးပေါင်း၍ ဇွန် ၇ ရက် နံနက် ၁၀ နာရီအချိန်က ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးတို့အား ရှင်းလင်းပြောကြားကာ Book Club အသင်း ဉက္ကဋ္ဌဦးမျိုးလွင်က စာဖတ်ဝိုင်းဆွေးနွေးကို တစ်ဦးနှင့်တစ်ဦး စာပေမှရရှိတဲ့ သုတ၊ရသများ ပြန်လည်မျှဝေခြင်းဖြင့် စာပေရဲ့အနှစ်သာရကိုရရှိကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ကိုငြိမ်းငယ် (ကျွန်းဒေါင့်) ရေးသားသည့် "ဝတ်စားဆင်ယင်မှုမှာယဉ်ကျေးပါ" ဆောင်းပါးကို ခရိုင်ပြန်/ဆက်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးနှင့် Youth Club အသင်းဉက္ကဋ္ဌ၊ ဦးအေးမင်းမြတ်တို့က ဖတ်ကြားခဲ့ကြရာ Book Club အသင်းဉက္ကဋ္ဌ ဦးမျိုးလွင်က အတုယူစရာများ၊ ကောင်းသောအစဉ်အလာများကို လည်းကောင်း၊ အဖွဲ့ဝင်ဦးအောင်ဝင်းမှ ယဉ်ကျေးမှုကို ထိန်းသိမ်းရန် ဝတ်စားစီရင်မှုကိုလည်းကောင်း၊ Woman Club အဖွဲ့ဝင် ဒေါ်ခင်လေးနီမှ ဒေသနှင့် ကိုက်ညီသည့် ယဉ်ကျေးမှုထိန်းသိမ်းရေးကိုလည်းကောင်း၊ Youth Club အသင်းအတွင်းရေးမှူး ဒေါ်စုစုလှိုင်မှ စာဖတ်ခြင်း၏ အကျိုးကျေးဇူးဖြင့် ယဉ်ကျေးလိမ္မာသူများ ဖြစ်လာစေရေးဆွေးနွေးကာ စာပေဝါသနာရှင်မမွန်မှ မြန်မာလူမျိုးတို့၏ ရိုးရာဝတ်စားဆင်ယင်မှုများ စသည်တို့ကို အသီးသီးအပြန် အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇော်ဝင်းအောင်
https://t.me/MyanmarNationalPost


No comments:
Post a Comment