MNP ၊ မေ ၁
ရခိုင်ပြည်နယ် မာန်အောင်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ၊ အခြေခံပညာကျောင်းများကိုဇွန်လ(၁)ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ရာကျောင်းသား ၊ ကျောင်းသူများအနေဖြင့် ပျော်ရွင်အေးချမ်းစွာဖြင့်ကျောင်းစတင်တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
မာန်အောင်မြို့နယ်တွင် မိုခါမုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် အခြေခံပညာကျောင်းများ အမိုးလန်ပျက်စီးခဲ့သော်လည်း ယခုအခါရာနှုန်းပြည့် ပြန်လည်ပြင်ဆင် ပြီးစီးခဲ့ပြီးဖြစ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၁၈)ကျောင်း ၊ကိုယ်ပိုင်ကျောင်း(၁) ကျောင်း စတင်ဖွင့်လှစ်လျက်ရှိပြီး အခြေခံပညာ ကျောင်းများတွင်ကျောင်းသား/သူ(၆၃၂၃)ဦး၊ကိုယ်ပိုင်ကျောင်းတွင်(၅၉၇)ဦး၊စုစုပေါင်း(၆၉၂၀)ဦး စတင်သင်ကြားလျက်ရှိရာ အခြေခံပညာကျောင်းများ၌ကျောင်းသား၊ကျောင်းသူများအားဖတ်စာအုပ် ၊ကျောင်းသုံးဗလာစာအုပ် ၊ ခဲတံ၊ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးအပ်ထားပြီးဖြစ်ကြောင်းနှင့်အေးချမ်းစွာတက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost




No comments:
Post a Comment