အမရပူရမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်းရာ တစ်ဧက (အစို) ၁၂၀ တင်း ထွက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမရပူရမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်းရာ တစ်ဧက (အစို) ၁၂၀ တင်း ထွက်ရှိ





MNP ၊    ဇွန်   ၁၉

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၌ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနက မြို့နယ်အတွင်း စိုက်ပျိုးထားသော နွေစပါးတစ်ဧက ပျမ်းမျှအထွက်နှုန်း သိရှိနိုင်ရန် နွေစပါး စံကွက်ရိတ်သိမ်းပွဲကို ယနေ့ နံနက် ၈နာရီခွဲ အချိန်က ပြည်လုံးကျော်ကျေးရွာအုပ်စု ကွင်းအမှတ် (၅၇၈-က) ကွင်း၊ ကွင်းအမည် - မင်းစုကွင်း၊ ဦးပိုင်အမှတ် (၅၀/၁)၊ ဧရိယာ ၃ ဒသမ ၃၆ ဧကရှိ ​စံကွက်ကောင်းကိုယ်စားပြုတောင်သူ ဦးအောင်မင်း၏ လယ်မြေပေါ်တွင် စိုက်ပျိုးထားရှိသော နွေစပါး (ရွှေသွယ်ရင်)စိုက်ခင်း စံကွက်ရိတ်သိမ်းပွဲ ကျင်းပခဲ့ကြသည်။


အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ အမရပူရခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှူး ဦးမျိုးသန့်တင် အမရပူရ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှူး ဦးမျိုးမော်နှင့် ဝန်ထမ်းများ၊ အမရပူရမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာဒေါ်မိုးဆွေရည်နှင့် ဝန်ထမ်းများက စံကွက်ကို ရိတ်သိမ်းခဲ့ကြသည်။ အဆိုပါ စံကွက်မှ တစ်ဧကလျှင် အစိုထွက် ၁၂၀ တင်း ထွက်ရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာနရုံးမှ သိရသည်။



စိုးသီဟ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)