မင်းလှမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကဏ္ဍအလိုက်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တောင်သူများအား တွေ့ဆုံဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းလှမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကဏ္ဍအလိုက်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တောင်သူများအား တွေ့ဆုံဆွေးနွေး



MNP ၊    ဇွန်   ၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကဏ္ဍအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အ‌သေးစားစက်မှုလက်မှုလုပ်ငန်း၊ စိုက်ပျိုး‌ရေလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တောင်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများမှ ဇွန်လ ၆ ရက်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မင်းလှမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကဏ္ဍအလိုက် ချေးငွေထုတ်ချေးပေးမည်ဖြစ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်း၊ စိုက်ပျိုးရေလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တောင်သူများအနေဖြင့် ကြိုတင်စီမံဆောင်ရွက်ထားရှိရန် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက စိုက်ပျိုးရေး၊ မွေးမြူရေး၊ အ‌သေးစားစက်မှုလက်မှုလုပ်ငန်း၊ စိုက်ပျိုးရေလုပ်ငန်းများစသည့် သက်ဆိုင်ရာကဏ္ဍအလိုက် ချေးငွေများထုတ်ချေးပေးမည့်အစီအမံများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသည့်တောင်သူများက သိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။


မင်းလှမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ကဏ္ဍအလိုက် ချေးငွေချေးယူအကောင်အထည်ဖော်ဆောင်ရွက်မည့် လျာထားလုပ်ငန်းအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် ချည်မျှင်ရှည်ဝါ(၂၅၀)ဧက၊ ချည်မျှင်ရှည်မျိုးစေ့ထုတ်(၅၀)ဧကအတွက် (၉၂.၀၀)သန်း၊ မွေးမြူရေးကဏ္ဍတွင် နွား(၃၆၅)ကောင်၊ ဝက်(၁၄၀)ကောင်၊ ဆိတ်(၁၂၀)ကောင်၊ ငါး(၂၀၀၀၀)ကောင်အတွက်(၂၅၅)သန်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းတွင် ဝါကြိတ်စက်(၅)လုံးအတွက်(၁၁၀)သန်း၊ စိုက်ပျိုးရေကဏ္ဍတွင် ဆိုလာစနစ်ဖြင့် ရေတင်ခြင်း(၁၆၅)ဧကအတွက်(၁၄၃)သန်းတို့ ထုတ်‌ချေးပေးရန်လျာထားခြင်းဖြစ်ပြီး၊ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု(၄၀)မှ လူဦးရေ(၃၄၂)ဦးအား ထုတ်ချေးပေးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ဇာဇာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)