Pages

Pages

ပုဏ္ဏားကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုလဲ ပျက်စီးခဲ့သော ကျောင်းဆောင်များနှင့်သစ်ပင်ကြီးများအား ခုတ်ထွင်ရှင်းလင်း






MNP ၊    ဇွန်   ၂

  ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ၌ အလွန့်အလွန်အားကောင်းသည့်မိုခါဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်မှုကြောင့် နိုင်ငံတော်အစိုးရက ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့၊ နံနက်(၇)နာရီက ပုဏ္ဏားကျွန်းမြို့ အခြေခံပညာ အထက်တန်း ကျောင်းတွင် တပ်အင်အားဖြည့်တင်းရေးညွှန်ကြားရေးမှူးရုံးမှ ဒုဗိုလ်မှူးကြီး ရဲထွန်းဝင်း ဦးစီးသော မြန်မာ့တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကူညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့ဆောင်ရွက်ရာတွင် ပုဏ္ဏားကျွန်းမြို့ အခြေခံပညာအထက်တန်း ကျောင်းတွင် မိုခါ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးခဲ့သော တန်းခိုးဆရာထွန်းခန်းမဆောင်ကြီးနှင့် ပြိုလဲကျနေသည့် သစ်ပင်ကြီးများအား ဒုတိယဗိုလ်မှူးကြီး ရဲထွန်းဝင်း ဦးဆောင်သော တပ်မတော်အင်အား (၃၄)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်မီးသတ်တပ်ဖွဲ့အင်အား(၂၀)ဦးတို့က  ဖယ်ရှား ရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။


အဆိုပါလုပ်ငန်းများဆောင်ရွက်နေသည့်နေရာသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ခန့်အပ်တာဝန်ပေးသည့် ပုဏ္ဏားကျွန်းမြို့နယ်အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်သက်ဆိုင်ရာတာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုသည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment