Pages

Pages

ကျိုက်ထိုမြို့၌ အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်ပြီး ကျောင်းသားကျောင်းသူများပျော်ရွှင်စွာတက်ရောက်လျက်ရှိ







MNP ၊ မေ  ၁

 မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ   ယနေ့ ဇွန် လ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ  ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  ပျော်ရွှင် အေးချမ်းစွာဖြင့် ကျောင်းစတင် တက်ရောက်  လျှက်ရှိကြောင်း သိရသည်။


အဆိုပါ အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးနေ့ကို မေလ(၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားပြီး  ကျောင်းသား၊ ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်၊ဗလာ စာအုပ်၊ ခဲတံ၊  ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။ 


      ကျိုက်ထိုမြို့နယ်တွင်အခြေခံပညာ ကျောင်း(၁၃၁)ကျောင်းဖွင့်လှစ်သင်ကြားလျှက်ရှိရာ မူလတန်းအဆင့်(၂၀၇၂၆)ဦးအလယ်တန်းအဆင့်(၅၀၅၀)ဦး၊အထက် တန်းအဆင့်(၁၈၃၄)ဦးကျောင်းသားကျောင်း သူစုစုပေါင်း(၂၇၆၁၀)ဦးအေးချမ်းစွာ သင်ကြားနိုင်‌ ရေးအတွက် မြို့နယ်ပညာရေးမှုးဦးမောင်ညိုနှင့်ကျောင်းအုပ် ဆရာကြီး၊ဆရာမကြီးများကကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment