Pages

Pages

သထုံမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ







MNP ၊    ဇွန်   ၅

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်က သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်ရှိ ငါးကြီးအင်းဘုန်းကြီးကျောင်းဝင်းအတွင်း၌ မြို့နယ်သစ်တောဦးစီးဌာနမှ စီစဉ်ကျင်းပပြုလုပ်ခဲ့သည်။


စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် သထုံမြို့နယ်သစ်တောဦးစီးဌာနမှူး ဦးစိုးမင်းအောင်က သုဝဏ္ဏဝတီမြို့ အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ဝင်းနှင့် ပြည်သူများထံ ပျိုးပင်များကို ပေးအပ်ခဲ့ပြီး မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများတို့က သတ်မှတ်နေရာအသီးတို့၌ ကံကော်၊ ခရေနှင့် မန်ဂျန်ရှား ပျိုးပင်ပေါင်း ၈၀၀ ကို စနစ်တကျ စုပေါင်း စိုက်ပျိုးပေးခဲ့ကြသည်။


သထုံမြို့နယ်တွင် မိုးရာသီကာလ ရပ်ကွက်/ကျေးရွာအသီးသီးတို့၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် စိုက်ပျိုးနိုင်ရန် သစ်တောဦးစီးဌာန မြေနီကုန်းပျိုးဥယျာဉ်တွင် ကျွန်း၊ ပျဉ်းကတိုး၊ သင်္ကန်း၊ မန်ဂျန်ရှား၊ မဟော်ဂနီ၊ ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ ငုရွှေ‌ဝါ စသည့် ပျိုးပင်ပေါင်း ၄၀၀၀၀ ကျော် ပျိုးထောင်ထားရှိပြီး မိုးရာသီကာလအတွင်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းများ ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားကာ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများအနေဖြင့် စုပေါင်းစိုက်ပျိုးလိုပါက ဆက်သွယ်မှာယူနိုင်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment