Pages

Pages

လူးကပ်စ်ဟာနန်ဒက်ဇ်ကို ရောင်းချမှာမဟုတ်ကြောင်း ဘိုင်ယန်ဥက္ကဌပြောကြား



MNP - ဇွန်  ၁၉


PSGအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဗဟိုခံစစ်နှင့် ဘယ်နောက်ခံကစားသမား လူးကပ်စ် ဟာနန်ဒက်ဇ်ကို စိတ်ဝင်စားနေပြီး အရခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေကြောင်း သိရသည်။


ဘိုင်ယန်မြူးနစ်အသင်းဥက္ကဌ ဟိုင်းနာက လူးကပ်စ်နဲ့ပတ်သက်ပြီး"သူက စိတ်ဝင်စားစရာကောင်းတဲ့ ကစားသမားတစ်ယောက်ပါ၊ ကွင်းထဲမှာရော၊ အဝတ်လဲခန်းမှာပါ သဘောထားကြီးပြီး စိတ်ကောင်းရှိပါတယ်၊ PSG ရဲ့ စိတ်ဝင်စားမှုကို ကျွန်တော်ကြားခဲ့ရပေမယ့် သူ့ကို ဆက်ထားချင်တယ်”ဟု ပြောကြားခဲ့သည်။


ဆက်လက်ပြီး  ဟိုင်းနာက "နွေရာသီမှာ ဘာတွေဖြစ်လာမလဲဆိုတာ ဆက်စောင့်ကြည့်ရအောင်"ဟု ထပ်လောင်း ပြောကြားခဲ့သည်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment