Pages

Pages

ကွန်ဟိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်



MNP ၊    ဇွန်   ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းအား ယနေ့နံနက်(၈:၀၀)နာရီအချိန်ခန့်ကစတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထို့သို့ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကာကွယ်ဆေးများထိုးနှံပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများအား ဆောင်ရွက်ခဲ့ပါသည်။


အဆိုပါဆောင်ရွက်ခြင်းအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များမှ လာရောက်ထိုးနှံခဲ့ကြကြောင်း သိရှိရပါသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment