မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့က ဦးဆောင်၍ အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းရေးဆွဲရေး အစည်းအဝေးကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့က ဦးဆောင်၍ အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းရေးဆွဲရေး အစည်းအဝေးကျင်းပပြုလုပ်




MNP ၊ ဇွန် ၉

မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့က ဦးဆောင်၍ အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ ၃ နှစ်တာ လုပ်ငန်းစီမံချက်အရ အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းရေးဆွဲရေးအစည်းအဝေး (Planning Conference of ADMM-Plus Experts’ Working Group on Counter-Terrorism) ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နှင့် ၇ ရက်တို့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ခါဘရော့ဇ်မြို့၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာ၊ ရုရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ ထိုင်း၊ လာအို၊ အင်ဒိုနီးရှားနှင့် အိန္ဒိယနိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များက တက်ရောက်ခဲ့ ကြပြီး အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ ဘရူနိုင်း၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပူးတွဲဥက္ကဋ္ဌများဖြစ်ကြသည့် မြန်မာနိုင်ငံနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံက အဖွင့်အမှာစကားပြောကြားပြီးနောက် အဖွဲ့ဝင်နိုင်ငံများ အကြား အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် ကိစ္စရပ်များ၊ ဒေသတွင်း အကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းကြသည်။                                                             

မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဖြစ်ရပ်မှန် များအား အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းရေးဆွဲရေးအစည်းအဝေးသို့ တက်ရောက်သူများ လေ့လာသိရှိနိုင်ရန် အတွက် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခြေအနေနှင့် NUG ၊ PDF အမည်ခံ အကြမ်းဖက် သမားများက စစ်ဘက်မဟုတ်သည့် အရပ်ဘက်ပစ်မှတ်များအား အကြမ်းဖက် တိုက်ခိုက် ခဲ့သည့် ဖြစ်စဉ်များနှင့် အထောက်အထားများ၊ NUG အဖွဲ့အား အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ်ရသည့် အကြောင်းအရင်းများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး လုပ်ငန်းစဉ်များအား အင်္ဂလိပ်၊ ရုရှား၊ တရုတ်ဘာသာတို့ဖြင့်  ထုတ်ဝေထားသည့် စာစောင်၊ ၎င်းစာစောင်ပါ အကြောင်းအရာများပါဝင်သည့် Memory Stick တို့ကို ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)