Pages

Pages

ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့မှ ကယ်ထုတ်ခဲ့ရသည့် လုပ်ငန်းခွင်အတွင်း အတင်းအကျပ် စေခိုင်းခံနေရသော မြန်မာနိုင်ငံသား(၁၅)ဦးအား ဒုတိယအသုတ်အဖြစ် ပြန်လည်ပို့ဆောင်


MNP ၊ ဇွန် ၂

ဖိလစ်ပိုင်နိုင်ငံ၊ ပမ်ပန်ဂါပြည်နယ် (Pampanga) ၊ မာဘလာကတ်မြို့ (Mabalacat City) အနီးရှိ အွန်လိုင်းဂိမ်းလုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီကြီးတစ်ခုတွင် အတင်းအကျပ် စေခိုင်းခံနေရသည့် နိုင်ငံခြားသားများရှိကြောင်း သတင်းရရှိသဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေး စစ်ဆင်ရေးအဖြစ် ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့မှ ဦးဆောင်၍ ၄-၅-၂၀၂၃ ရက်၊ ညပိုင်းက ဝင်ရောက်စီးနင်းခဲ့ရာတွင် နိုင်ငံခြားသားစုစုပေါင်း (၁၁၃၇) ဦးအား ကယ်ထုတ်နိုင်ခဲ့ပြီး၊ အဆိုပါ နိုင်ငံခြားသားများတွင် မြန်မာနိုင်ငံသား (၄၂) ဦး ပါဝင်ခဲ့ပါသည်။

ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့မှ ကယ်တင်ပေးရာတွင် ပါဝင်သည့် မြန်မာနိုင်ငံသား(၄၂)ဦးအား မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက် မနီလာမြို့၊ မြန်မာသံရုံး အနေဖြင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့၊ ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ကာ မြန်မာနိုင်ငံသား (၂၀) ဦး (အမျိုး သမီး ၁၅ ဦးနှင့် အမျိုးသား ၅ ဦး) တို့အား ၂၇-၅-၂၀၂၃ ရက်တွင် ပထမအသုတ်အဖြစ် ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ပါသည်။

ယခုအခါ ကျန်ရှိသူ မြန်မာနိုင်ငံသား (၂၂) ဦးအနက် မြန်မာနိုင်ငံသား (၁၅) ဦး (အမျိုးသမီး  ၆ ဦးနှင့် အမျိုးသား ၉ ဦး) တို့အား ဒုတိယအသုတ်အဖြစ် ၂-၆-၂၀၂၃ ရက်တွင် အဆင်ပြေ ချောမွေ့စွာ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပြီး၊ ယင်းမြန်မာနိုင်ငံသားများအား မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ၊ သံရုံးနှင့် စစ်သံရုံးမှ တာဝန်ရှိသူများက မနီလာမြို့၊ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်ပါကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မနီလာမြို့၊ မြန်မာသံရုံးအနေဖြင့် မြန်မာနိုင်ငံသား (၄၂) ဦးအနက် ကျန်ရှိသည့် မြန်မာနိုင်ငံသား (၇) ဦးအား မြန်မာနိုင်ငံသို့ ဆောလျင်စွာ ပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက်လည်း ဖိလစ်ပိုင်နိုင်ငံဘက်မှ သက်ဆိုင်ရာဌာနများနှင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment