Pages

Pages

လှည်းကူးပညာရေးဒီဂရီကောလိပ်၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ


MNP ၊    ဇွန်   ၆

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ် ပညာဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီကောလိပ်၌ ဖွင့်လှစ်လျက်ရှိသော PPTT(၉/၂၀၂၃) သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပညာ့အားမာန်ခန်းမ၌ ကျင်းပသည်။


ရှေ့ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်(ကိုယ်စား) တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ဩဝါဒစကားပြောကြားပြီး လှည်းကူးပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်အေးအေးလွင်က အမှာစကားပြောကြားသည်။


အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်(ကိုယ်စား) တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လှည်းကူးပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်(၉)မြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ(၁၇၄)ဦး၊ ရခိုင်ပြည်နယ်ရှိ မြို့နယ် (၁၇)မြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ(၃၆၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။


အေးအေးနွဲ့

 https://t.me/MyanmarNationalPost




No comments:

Post a Comment