Pages

Pages

ဒက္ခိဏသီရိမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ၁၂၃ ဦး အောင်မြင်ပြီး ၃၁ ဦး ဂုဏ်ထူးထွက်ရှိ



MNP ၊    ဇွန်   ၉

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ထုတ်ပြန်ကြေညာရာ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် ၇၁ ဒသမ ၉၃ ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။


ဒက္ခိဏသီရိမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနနှစ်ခုတွင် ကျောင်းသား ကျောင်းသူ ၁၇၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ လေးဘာသာဂုဏ်ထူးဖြင့် တစ်ဦး၊ သုံးဘာသာဂုဏ်ထူးဖြင့် နှစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးဖြင့် သုံးဦး၊ တစ်ဘာသာဂုဏ်ထူးဖြင့် ၂၅ ဦး၊ ရိုးရိုးအောင်မြင်သူ ၉၂ ဦး စုစုပေါင်း ၁၂၃ ဦးအောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ၇၁ ဒသမ ၉၃ ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


အောင်ကို

 https://t.me/MyanmarNationalPost




No comments:

Post a Comment