Pages

Pages

သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောပွဲ အ.ထ.က(၂) နေခြည်တွင် ကျင်းပပြုလုပ်



MNP ၊    ဇွန်   ၁၀

ဧရာဝဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အ.ထ.က (၂) နေခြည်တွင် ယမန်နေ့ နေ့လယ်က သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါအကြောင်း ကျန်းမာရေးအသိ ပညာပေးဟောပြောပွဲပြုလုပ်ခဲ့သည်။


အသိပညာပေး ဟောပြောပွဲတွင် မြန်အောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်းက မိုးဦးကာလ ခြင်နှင့်ယင်တို့ကြောင့် ဖြစ်ပွားသော သွေးလွန် တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုမရှိစေရန် သတိပြုရမည့်အချက်များနှင့် ကြိုတင်ကာကွယ်ရေး လုပ်ဆောင်ရမည့် နည်းလမ်းမျာကို ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများအား အသိပညာပေး ပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကူးစက်ရောဂါဌာန ကျန်းမာရေးမှူး ဦးပြည့်ထက်နှင့် ကျန်းမာရေးဆရာမ ဒေါ်မူမူအောင်တို့က  သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ကြသည်။


ဟောပြောပွဲ အခမ်းအနားတွင် မြန်အောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦးနှင့် အဖွဲ့ဝင်များက ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများအား သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။


ဝင်းဗိုလ် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment