Pages

Pages

ရဲဝံ့သူ


 

ရဲဝံ့သူ 


မလီလီနိုင်ကျော်

အမက အမျိုးသားရေးစိတ်နဲ့

အမျိုးဖျက်အန္တရာယ်တွေအကြောင်း ပြောတယ်။


အမျိုးသားရေးအန္တရာယ်တွေနဲ့ ပတ်သက်လို့

ဆွေးနွေးတယ်။


အမက အမျိုးကိုချစ်တဲ့စိတ်နဲ့

မျိုးဂုဏ်ကို စောင့်ထိန်းစေချင်တယ်။


အမ က မျိုးဖျက်မိစ္ဆာတွေကြားမှာ

အမျိုးသားရေးအတွက်

ရဲဝံ့သူ၊ ပြတ်သားသူ၊ အမုန်းခံဝံ့သူ။


အမက ကိုယ့်အသိုင်းအဝိုင်းထဲမှာ

ငွေကြေးကို ရှေ့တန်းတင်ပြီး

ရေလိုက်ငါးလိုက် နေသူမဟုတ်။


အမျိုးသားရေးအတွက်

ဘာကိုမှမမှုဘဲ အံတုခဲ့သူပါ။


အခုတော့ အမကို

ပြည်ဖျက်မိစ္ဆာတစ်စုက

လုပ်ကြံသတ်ဖြတ်ခဲ့ကြပြီ။


အမရေ ပြည်ပသြဇာခံ

ပြည်ဖျက်မိစ္ဆာတွေဟာ

တပ်မတော်ကို တော်လှန်တယ်လို့

ခေါင်းစဉ်တပ်ပြီး

အမျိုးသားရေးဝါဒ ခေါင်းမထောင်ဝံ့အောင်

ယုတ်မာရိုင်းစိုင်းနေကြတာပါ။


အမရဲ့ ရှေ့က သွားနှင့်ပြီဖြစ်တဲ့

အမျိုးသားရေးအကိုတွေ

အမ နောက်က လိုက်လာမယ့်

အမျိုးသားရေးမောင်နှမတွေ

ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေကို

ရန်မပြုပါဘူး၊

အံတုလို့ အမျိုးသားရေးအတွက် 

ခရီးဆက်နေပါ့မယ်။  ။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment