သဘာဝတရားရိပ်သာ ဆရာတော်မှ တည်ငြိမ်အေးချမ်းရေးအတွက် ရှေးရှုပြောဆိုခဲ့သည်ကို ပြည်ဖျက်မီဒီယာများနှင့် ပြည်ပြေး သံဃာများက ဝိုင်းဝန်းထိုးနှက်တိုက်ခိုက် - Myanmar National Post

Myanmar National Post

News Agency

Breaking

သဘာဝတရားရိပ်သာ ဆရာတော်မှ တည်ငြိမ်အေးချမ်းရေးအတွက် ရှေးရှုပြောဆိုခဲ့သည်ကို ပြည်ဖျက်မီဒီယာများနှင့် ပြည်ပြေး သံဃာများက ဝိုင်းဝန်းထိုးနှက်တိုက်ခိုက်



MNP ၊ ဇွန် ၁၀

သဘာဝတရားရိပ်သာ ဆရာတော်နှင့် ဦးတင်ဦးတွေ့ဆုံစဉ် ဆရာတော်မှ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး အကြမ်းလုပ်ရပ်များချုပ်ငြိမ်းရေးအတွက် ရှေးရှုပြောဆိုခဲ့သည်ကို ပြည်ဖျက်မီဒီယာများဖြစ်ကြသည့် Khit Thit Media, The Irrawaddy သတင်းဌာနတို့မှ ပြည်ပြေး အကြမ်းဖက်လှုံ့ဆော် သံဃာတော်များနှင့် ဆက်သွယ်မေးမြန်း၍ ထိုးနှက်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်ကို တွေ့မြင်ရသည်။

သဘာဝတရားရိပ်သာ ဆရာတော်က "ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံသိ၊ ကမ္ဘာသိဖြစ်တဲ့အတွက်ကြောင့် သြဇာရှိတဲ့ ခေါင်းဆောင်ဖြစ်တဲ့အတွက်ကြောင့် ဂန္ဒီကြီးလိုပေါ့၊ အိန္ဒိယက မဟတ္တမဂန္ဒီလိုပေါ့၊ သူက ငြိမ်းချမ်းရေးပဲ လုပ်မယ်ဆိုရင် အများစုက လိုက်လုပ်ကြမှာပေါ့။ သူ့အနေနဲ့တော့ လူသိများတာရယ်၊ ကောင်းတဲ့အရည်အချင်းတွေလည်း သူ့မှာ အများကြီးရှိတယ်။ ရှိတဲ့အခါကြတော့ ရာထူးအာဏာယူမှ၊ ရွေးကောက်ပွဲဝင်မှ မဟုတ်ဘူးပေါ့။ သူ့အနေနဲ့ သူ့ရဲ့ ထင်ပေါ်ကျော်ကြားမှုနဲ့ သူ့ရဲ့ကိုယ်ကျင့်တရားတွေနဲ့ပေါ့နော် တိုင်းပြည်အကျိုး ကမ္ဘာ့အကျိုး ဆောင်ရွက်လို့ ရမယ်လို့ ယုံကြည်တာပေါ့။ ဆရာတော်လည်း ဒီလိုပဲ တရားဝင် ရာထူးတွေနဲ့ မဟုတ်ဘဲ ကိုယ့်စေတနာနဲ့ကိုယ် အများအကျိုး သာသနာ့အကျိုးဆောင်ရွက်နေတာ။ သူ့ကိုလည်း တွေ့ပြီးတော့ အဲဒါမျိုး ရှင်းပြချင်တာပေါ့။ သူသာ ပါလာမယ်ဆိုရင် တပ်မတော်ဘက်ကလည်း ပြောင်းသွားနိုင်တာပေါ့။ အချင်းချင်း အဆင်ပြေသွားနိုင်တယ်လို့ ယူဆတာပေါ့လေ။" ဟု မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

ဆရာတော်၏ မိန့်ကြားချက်အပေါ် ပြည်ပြေး အကြမ်းဖက်လှုံ့ဆော် ဆရာတော်ကြီးများအား စော်ကားပြောဆိုနေသည့် မင်းသုည ကဲ့သို့သော သံဃာတော်များက ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုမှုများ လုပ်ဆောင်လျက်ရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)