ရှမ်းရွာသစ်မြို့တွင် အသက်(၅)နှစ်အောက်ကလေးငယ်များအား ဗီတာမင်နှင့်သန်ချဆေးများတိုက်ကျွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှမ်းရွာသစ်မြို့တွင် အသက်(၅)နှစ်အောက်ကလေးငယ်များအား ဗီတာမင်နှင့်သန်ချဆေးများတိုက်ကျွေး




MNP ၊    ဇွန်   ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကလေးသူငယ်များ အာဟာရချို့တဲ့မှုများ လျော့နည်းပပျောက်စေရေး၊ အာဟာရလွန်ကဲမှုပြဿနာများကာကွယ်ရေးနှင့် အာဟာရပြည့်ဝမျှတစွာသုံးစွဲနိုင်ရေးအတွက်ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အသက်(၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်နှင့်သန်ချဆေး တိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်တွင် ကျေးလက်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါလုပ်ငန်းတွင် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အသက်(၅)နှစ် အောက်ကလေးများ အာဟာရဖွံ့ဖြိုးမှုလုပ်ငန်းများ ပိုမိုကောင်းမွန်စေရန်၊ ကလေးများအား မွေးစမှ အသက်(၆)လအထိ သင့်တော်များ ဖြည့်စွက်စာများကို သင့်တင့်မျှတစွာကျွေးမွေးရန်၊ အာဟာရဖွံ့ဖြိုးရေးသည် ကလေးငယ်များအတွက် အရေးကြီးသည့်လိုအပ်ချက်တစ်ခုဖြစ်သောကြောင့် အစာအာဟာရအုပ်စုများနှင့် အာဟာရဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိဘများအားလုံးပူးပေါင်းပါဝင်ပေးရန် စသည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။


ထို့နောက် ကလေးငယ်များအား ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ အရပ်တိုင်းပေးခြင်း၊ အသက်(၅)နှစ် အောက်ကလေးငယ်(၃၉)ဦးတို့အား မျက်စိအားကောင်းစေရန် ဗီတာမင်အေ ဆေးလုံးများတိုက်ကျွေးခြင်း၊ အသက်(၂)နှစ်အောက်ကလေးငယ်(၃၄)ဦးတို့အား သန်ချဆေးတိုက်ကျွေးခြင်းနှင့် အာဟာရဖွံ့ဖြိုးမှုနည်းသော ကလေးငယ်များအား အာဟာရထုပ် များကို ပေးအပ်ခဲ့ကြောင်း သိရသည်။


ဇင်လေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)