Pages

Pages

ကျိန္တလီမြို့၌ အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်ပြီး ကျောင်းသား/သူများက ပျော်ရွှင်စွာတက်ရောက်လျက်ရှိ




MNP ၊ မေ  ၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ယနေ့ ဇွန်လ (၁) ရက်နေ့မှ စတင်၍ ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် “ကျောင်းနေပျော်၍ စာတော်ရမည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း အေးချမ်း ပျော်ရွှင်စွာ စတင်တက်ရောက် သင်ကြားလျက်ရှိသည်။


ကျိန္တလီမြို့နယ်ရှိ အခြေခံပညာကျောင်းများဖြစ်သည့် အ.ထ.ကကျောင်း(၄)ကျောင်း၊ အ.ထ.က(ခွဲ) (၁)ကျောင်း၊ အ.လ.က ကျောင်း(၂) ကျောင်း၊ အ.လ.က (ခွဲ) (၅)ကျောင်း၊ မူလွန် (၆)ကျောင်း၊ အ.မ.က (၃၁)ကျောင်းနှင့် အ.မ.က(ခွဲ) (၂)ကျောင်း စုစုပေါင်း (၅၁)ကျောင်းတွင် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင် စသည်တို့ကို ပညာရေးဝန်ကြီးဌာနမှ (အခမဲ့​) ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ရာ မေလ(၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့အတွင်း ကျောင်းသို့ လာရောက် အပ်နှံထားကြသော ကျောင်းသား၊ ကျောင်းသူများက စာသင်ကျောင်းများသို့ လာရောက်၍ မိမိတို့နှင့် သက်ဆိုင်သော အခန်းများသို့ ဝင်ရောက်ခဲ့ကြပြီး အေးချမ်း ပျော်ရွှင်စွာဖြင့် ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။


ဇော်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment