Pages

Pages

အိမ်မဲမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် တလုတ်ကုန်းကျေးရွာအမက ကျောင်းအမိုးလန်ပျက်စီးပြီး ပြန်လည်ပြင်ဆင်ထားရှိမှုအားကြည့်ရှု့စစ်ဆေး





MNP ၊    ဇွန်   ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တလုတ်ကုန်းကျေးရွာတွင် မိုခါမုန်တိုင်းကြောင့် အ.မ.က ကျောင်းအမိုးလန်ပျက်စီးသွားပြီး ပြန်လည်ပြင်ဆင်ဆောင်ရွက်ထားရှိသည့် အခြေအနေများကို ယနေ့နံနက် ၁၀ နာရီတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးမျိုးညွှန့်ဦးက လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။


ရှေးဦးစွာ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး မျိုးညွှန့်ဦးသည် အမက တလုတ်ကုန်း ကျောင်းသို့ရောက်ရှိလာရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များ၊ ဆရာ၊ ဆရာမများကကြိုဆိုခဲ့သည်။


ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဆရာကြီး ဦးအောင်မင်း၊တလုတ်ကုန်းကျောင်းအုပ်ဆရာမကြီးနှင့် ကျေးရွာအုပ်ချုပ်မှူးတို့က စာသင်ကျောင်းဆောင် အမိုးလန်ပျက်စီးသွား၍ ပြန်လည်ပြင်ဆင်ထားရှိမှုများ၊ Grade – 5 စာသင်ကျောင်းဆောင်ယာယီဆောက် လုပ်ထားရှိမှုအခြေအနေများ၊ ကျောင်း၏လိုအပ်ချက်များ၊ တလုတ်ကုန်းကျေးရွာလမ်းအခြေအနေများ အား အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး မျိုးညွှန့်ဦးအားတင်ပြခဲ့ရာ ဗိုလ်မှူးကြီးမှလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ချစ်သက်လယ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment