Pages

Pages

ပေါက်တောမြို့၌ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲပြုလုပ်






MNP ၊    ဇွန်   ၆

  ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မြို့နယ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ ကျန်းမာရေးဝန်ထမ်းများက မိုးဦးကာလတွင် ဖြစ်ပွားတတ်သောရောဂါများအကြောင်း ကျောင်းကျန်း မာရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က-ပေါက်တောကျောင်းခန်းမ၌ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။


     အဆိုပါ ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို မြို့နယ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ ကျန်းမာရေးဝန်ထမ်းများက မိုးဦးကျရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းရောဂါနှင့် အခြားကျန်းမာရေးအကြောင်းအရာများကို ဟောပြောခဲ့ကြပြီး ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များမေးမြန်းခဲ့ရာ ကျန်းမာရေးဌာနမှ ဝန်ထမ်းများမှ ပြန်လည်ဖြေကြားရှင်းလင်းခဲ့ကြသည်။


 ထို့နောက် ကျန်းမာရေးဝန်ထမ်းများက သွေးလွန်းတုပ်ကွေးရောဂါကာကွယ်ရေးအတွက် ခြင်ခိုအောင်းနိုင်သောနေရာများတွင် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment