Pages

Pages

တိုင်လေမန်းကို ခေါ်ယူခဲ့တဲ့ အက်စတွန်ဗီလာ




MNP - ဇွန်  ၁၁


အက်စတွန်ဗီလာအသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ တန်းဆင်းခဲ့ရတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဟောင်း လက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား ယိုရီ တိုင်လေမန်းကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့ပြီး ဖြစ်သည်။


အဆိုပါ အသက် ၂၆နှစ်အရွယ် ဘယ်လ်ဂျီယံသားနှင့် အက်စတွန်ဗီလာအသင်းတို့ဟာ ၂၀၂၇ခုနစ် ဇွန်အထိ ၄နှစ်စာချုပ်ချုပ်ဆိုမည် ဖြစ်ကြောင်း သိရသည်။


တိုင်လေမန်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ အာဆင်နယ်အပါအဝင် အခြားသော အသင်းကြီးတွေနဲ့ သတင်းတွေကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပေမယ့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အခွင့်အရေးရလာချိန်မှာတော့ အသင်းကြီးအတော်အများ လက်ရှောင်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment