Pages

Pages

တောင်သာမြို့နယ်၊ ဆီဆုံကုန်းကျေးရွာ မြေသားရေကန်ကြံ့ခိုင်မှု ကွင်းဆင်းစစ်ဆေး



MNP ၊    ဇွန်   ၅

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဆီဆုံကုန်းကျေးရွာတွင် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်က ဆောင်ရွက်ခဲ့သော မြေသားကန်အား ကြံ့ခိုင်မှုရှိ/မရှိ အား မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများက ယနေ့ နံနက် ၉ နာရီခွဲ အချိန်၌ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။


ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်  ကျေးရွာမှ ရေကော်မတီဝင်များက အဆိုပါမြေသားရေကန်မှာ ယမန်နေ့ည မိုးရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုများပြားခဲ့ပြီး ထူးပေါက်၍ ရေစိမ့်ထွက်မှုဖြစ်ခြင်း၊ တာပေါင်ပေါ်ရေကျော်ခြင်းများ ဖြစ်ခဲ့ကြောင်း၊ သို့ဖြစ်ရာ ကြပ်တည်းမြေ ထည့် ထားသော ပလပ်စတစ်အိတ်များဖြင့် ထူးပေါက်ပိတ်ခြင်းဆောင်ရွက်ပြီးဖြစ်သဖြင့် ရေစိမ့်ထွက်မှု မရှိတော့ကြောင်း တင်ပြခဲ့ကြပြီး မြို့နယ်ဦးစီးမှူးက တာဘောင်ရေကျော်မှုမရှိစေရန် ရေပိုလွဲ ထွက်ပေါက်ချဲ့ခြင်းနှင့် ရေကျော်သည့် တာဘောင်နိမ့်နေသောအပိုင်းအား ကျေးရွာလူထုအနေဖြင့် တာဘောင်ထပ်မံ မြှင့်တင်ပေးဖို့ လိုအပ်ကြောင်း၊ မြေသားရေကန်အား ရေရှည်တည်တံ့ဖို့ ​ထိန်းသိမ်းစောင့်ရှောက်ပေးကြစေလိုကြောင်းမှာကြားခဲ့ပြီး ဌာနမှဆောင်ရွက်ပေးရမည့် အပိုင်းကိုလည်း ဆက်လက်တင်ပြဆောင်ရွက်သွားပေးသွားမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။


တောင်သာမြို့နယ်သည် ရေငန်အများစု ထွက်ရှိရာဒေသတစ်ခုဖြစ်သောကြောင့် မိုးရေကို အုတ်ရေကန်ဖြင့် သိုလှောင်ခြင်း၊ မြေသားရေကန်ဖြင့် စုဆောင်းထိန်းသိမ်းခြင်းဖြင့် ဆောင်ရွက်ကြကြောင်း၊ ဌာနအနေဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ စတင်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်အထိ မြေသားရေကန်ပေါင်း (၅၄) ကန်ကို ကျပ်သန်းပေါင်း (၅၃၉.၄၈) သန်းအကုန်ကျခံ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း အဆိုပါဌာနမှသိရသည်။


ကျော်မျိုးနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment