Pages

Pages

ပုဏ္ဏားကျွန်းမြို့နယ် သာစည်ကျေးရွာ၌ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကျန်းမာရေစောင့်ရှောက်ပေးလျက်ရှိ





MNP ၊    ဇွန်   ၈

     ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ မိုခါမုန်တိုင်းဒဏ်ခံရသည့် ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူ ဗိုလ်ကြီး ဝေတိုးသူ ဦးဆောင်သော ဆေးကုသရေးအဖွဲ့လာရောက်၍ ယနေ့၊ နံနက်(၈)နာရီမှ ညနေ(၃)နာရီအထိ၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် အခြေပြု၍ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။


  ထိုသို့ ဆောင်ရွက်ရာတွင် တပ်အင်အားဖြည့်တင်းရေးညွှန်ကြားရေးမှူးရုံးမှ ဒုတိယ ဗိုလ်မှူးကြီး ရဲထွန်းဝင်း ဦးစီး၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုရေးအဖွဲ့မှ ပါရဂူ ဗိုလ်ကြီး ဝေတိုးသူနှင့်သူနာပြုများပါဝင်သော ကလေးအထူးကုဆရာဝန်၊ ထွေထွေ ရောဂါကု ဆရာဝန်ကြီးတို့က သာစည်ကျေးရွာနှင့်အနီးပတ်ဝန်ကျင်ကျေးရွာရှိ မုန်တိုင်းသင့် နာမကျန်းဖြစ်နေသူများကို လိုအပ်သည့်ဆေးဝါးများဖြင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြသည်။


     ဆက်လက်၍ ဒုတိယဗိုလ်မှူးကြီး ရဲထွန်းဝင်း ဦးဆောင်သောအဖွဲ့မှ ပုဏ္ဏားကျွန်းမြို့ မြို့ဦးဘုန်းတော်ကြီးကျောင်းနှင့်သာစည်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော် များ လှူဒါန်းပေးခဲ့ပြီး၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက် လိပ်ကုန်းပြင်ပိုင်းရှိ အိမ်ထောင်စု ၃၀၀ နှင့်သာစည်ကျေးရွာရှိ အိမ်ထောင်စု ၂၉၅ စုအတွက် ဆန်ရိက္ခာများ လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost






No comments:

Post a Comment