Pages

Pages

မာန်အောင်မြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်သူ ၂၁၅ဦးရှိ




MNP ၊    ဇွန်   ၉

၂၀၂၂-၂၀၂၃ပညာသင်နှစ်၊တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ၈ရက်နေ့မှ၁၈ရက်နေ့ထိကျင်းပခဲ့ရာယနေ့နံနက်ပိုင်းတွင် အောင်စာရင်းများထုတ်ပြန်ခဲ့ကြောင်းသိရသည်။


    အဆိုပါစာမေးပွဲကို မာန်အောင်မြို့နယ်စာစစ်ဌာနများဖြစ်သည့် အထက မာန်အောင်၊အထက(ခွဲ)စျေးတန်းစာစစ်ဌာန(၂)ခုသတ်မှတ်ထားပြီး စာစစ်ဌာနများတွင်ကျောင်းသား/သူ ၃၆၁ဦးဝင်ရောက်ဖြေဆိုခဲ့ရာအောင်မြင်သူ၂၁၅ ဦးအနက်မှ ၆ဘာသာဂုဏ်ထူးရှင်(၁)ဦး၊၄ဘာသာဂုဏ်ထူးရှင်(၁)ဦး၊၃ဘာသာဂုဏ်ထူးရှင်(၂)ဦး၊၂ဘာသာဂုဏ်ထူးရှင်( ၉ )ဦးနှင့်၁ဘာသာဂုဏ်ထူးရှင်(၃၇ )ဦးတို့ဖြစ်ပြီး အောင်ချက်ရာနှုန်းမှာ ၅၉.၅၆ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost





No comments:

Post a Comment