Pages

Pages

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှထုတ်ပြန်သည့် ဘဏ်လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များအပေါ် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များအား ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲကျင်းပ



MNP ၊    ဇွန်   ၈

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များနှင့်စပ်လျဉ်း၍ ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များအား ပိုမိုနားလည်သိရှိစေရန်အတွက် ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကုန်သည်စက်မှုအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။


အစည်းအဝေးသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးမိုးမြင့်၊ ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ဖြူပြာ၊ မြန်မာနိုင်ငံဘဏ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါ်ခင်စောဦး၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များ၊ ညီနောင်အသင်းအဖွဲ့များ၊ ကုမ္ပဏီများမှကို ယ်စားလှယ်များ၊ KBZ, CB, UAB, AYA, YOMA, MCB, မြန်မာ့ရှေ့ဆောင်ဘဏ်များ အပါအဝင် ပုဂ္ဂလိကဘဏ်များမှတာဝန်ရှိသူများက ဗဟိုဘဏ်မှထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များအား တစ်ချက်ချင်းစီကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပုဂ္ဂလိကဘဏ်များ နားလည်သဘောပေါက်စေရန် အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။


ထို့နောက် တက်ရောက်လာသည့် အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များမှ မရှင်းလင်းသည့် အချက်များ မေးမြန်းသည့်အပေါ် ပြန်လည်ဆွေးနွေးခဲ့ကြောင်းနှင့် စုစုပေါင်းတက်ရောက်သူ (၁၀၀) ဦးရှိကြောင်း သိရသည်။


 အောင်မြင့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment