Pages

Pages

သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ ရသလမ်းဆုံ စာဖတ်ဝိုင်းပြုလုပ်


MNP ၊    ဇွန်   ၁၉

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌လစဉ်ပြုလုပ်မြဲဖြစ်သော ရသလမ်းဆုံ စာဖတ်ဝိုင်းကို ဇွန် ၁၈ ရက် နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့ကြောင်းသိရသည်။


ရသလမ်းဆုံ စာဖတ်ဝိုင်းတွင် တက်ရောက်လာသူများအား စာရေးဆရာအလင်းချို(သာစည်)က အချိန်ကိုအကျိုးရှိစွာ အသုံးချကြရန်၊ ဘဝကိုဖြတ်သန်းရာတွင် စာဖတ်ခြင်းဖြင့် မိမိတို့အတွက် အကျိုးရှိစေမည့်အရာများကို လေ့လာသင်ယူနိုင်ကြောင်းနှင့် စာဖတ်စေလိုကြောင်း တို့ကို ဆွေးနွေးပြီး စာရေးဆရာငုပန်း(တောင်သာ)ကကိုယ်တိုင်ရေးသားထားသော ကဗျာများကို ရွတ်ဆိုပြီး ကဗျာပါအကြောင်းအရောများကို ခံစားဆွေးနွေးသည်။


အဆိုပါ ရသလမ်းဆုံ စာဖတ်ဝိုင်းကို လစဉ်ကျင်းပပြုလုပ်ပြီး စာရေးဆရာများက အသိပညာ ဗဟုသုတများနှင့် စာပေရေးသားနည်းတို့ကို စာပေဝါသနာရှင်များအား မျှဝေပေးပြီး စာဖတ်ကြရန် တိုက်တွန်းပေးလျက်ရှိကြောင်းသိရသည်။


အဆိုပါ စာဖတ်ဝိုင်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မှစာရေးဆရာများနှင့် စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment