MNP ၊ ဇွန် ၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ဈေးသာကျေးရွာတွင် ကျောင်းသား/ကျောင်းသူများအား ယဉ်ကျေးလိမ္မာသင်တန်းကို ရွာဦး ဘုန်းတော်ကြီးကျောင်း၌ သင်ကြားပေးလျက်ရှိသည်။
အဆိုပါ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းဖွင့်လှစ်သင်ကြားခြင်းဖြင့် စိတ်ထားနူးညံ့သည့် ကလေးများကို ပိုမိုယဉ်ကျေးလိမ္မာလာစေရန်၊ ရတနာသုံးပါးကို ရိုသေကိုင်းရှိုင်းရန်၊ အနန္တောအနန္တငါးပါး၏ ဂုဏ်ကျေးဇူးကိုသိတတ်စေရန်၊ မိဘ၊ ဆရာသမားများအပေါ် ကျေးဇူးသိတတ် စေရန်၊ ပေါင်းသင်းဆက်ဆံတတ်စေရန်၊ သန့်ရှင်းသပ်ရပ်စွာ နေထိုင်တတ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး ယဉ်ကျေး လိမ္မာစေရေး လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ ဩကာသကန်တော့ချိုး၊ ငါးပါးသီသတောင်းခံနှင့် ကျောင်းသား/ကျောင်းသူများ သိသင့် သိထိုက်သည့် အခြေခံဗုဒ္ဓတရားတော်များ အကြောင်းကို ပို့ချသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
“အနာဂတ်ရဲ့ မျိုးဆက်သစ်လူငယ်များကို ယခုလို ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ပြီး အခြေခံဗုဒ္ဓတရားတော်များကို နွေရာသီ ကျောင်းပိတ်ရက်များတွင် သင်ကြားပေးခဲ့တာဖြစ်ပါတယ်၊ အမျိုးကို ချစ်တတ်စေရန်နှင့် ဘာသာသာသနာကို ပိုမိုယုံကြည်သက်ဝင်စေရန် အတွက် ကျောင်းဖွင့်ရာသီတွင် အားလပ်ရက်ဖြစ်သည့် စနေ၊ တနင်္ဂနွေနေ့များမှာလည်း ဆက်လက်သင်ကြား ပေးလျက်ရှိပြီး ကျောင်းသား/ ကျောင်းသူ (၈၀)ဦး တက်ရောက်သင်ကြားလျက်ရှိပါတယ်” ဟု ဈေးသာကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော်က မိန့်ကြားသည်။
မူမူစန်း
https://t.me/MyanmarNationalPost

No comments:
Post a Comment