Pages

Pages

မန္တလေးမြို့၊ ဗန်းမော်ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား ရဟန်းရှင်လူပြည်သူအပေါင်း လာရောက်ဖူးမြှော်ကြည်ညိုကာ အလှူငွေများလှူဒါန်း




MNP ၊    ဇွန်   ၅

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မဟာနွယ်စဥ်ရပ်ကွက်၊ ၃၉ လမ်း၊ ၆၉x၇၁ လမ်းကြား၊ ဗန်းမော်ကျောင်း တိုက်၌ သီတင်းသုံးခဲ့သည့်ဗန်းမော် ဆရာတော်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌအဘိဓဇအဂ္ဂမဟာရဌဂုရုအဘိဓဇ အဂ္ဂမဟာသဒ္ဒမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရဘိဝံသ၊ သက်တော်(၉၄)၊သိက္ခာတော်(၇၄)ဝါ အရ သက်တော် (၉၄)နှစ်၊ သိက္ခာတော်(၇၄)ဝါအရ ၁၃၈၅ခုနှစ်၊နယုန်ဆန်း(၇)ရက်(၂၅-၅-၂၀၂၃)ကြာသပတေးနေ့ ည ၁၁ နာရီ ၁၁ မိနစ်အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။


ဆရာတော်ဘုရားကြီး၏ ဥရုဇ ရုပ်ကလာပ်တော်အား ဗန်းမော်ကျောင်းတိုက်အား ပူဇော်ထားရှိရာ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတို့မှ ရဟန်းရှင်လူပြည်သူအပေါင်းတို့သည် လာရောက်ဖူးမြှော် ကြည်ညိုကာ အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများကို လှူဒါန်လျက်ရှိသည်။‌ နေ့စဉ် နံနက်ပိုင်းမှ ညနေပိုင်းအထိ ဌာနဆိုင်ရာဝတ်အသင်းများ၊ ရပ်ကွက်များနှင့်  လူမှုရေးအသင်းအဖွဲ့များမှ ဝတ်အသင်းများကလည်း လာရောက်ဖူးမြှော်ကာ ဝတ်ရွတ်စဉ်အတိုင်း ရွတ်ပွားလျက်ရှိပြီး နေ့စဉ် အလှူရှင်အသီးသီးတို့မှ လာရောက်လှူဒါန်လျက်ရှိရာ အလှူငွေများအား မန္တလေးတိုင်းဒေသကြီး တိုင်းသံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ မစိုးရိမ်တိုက်သစ်ဓမ္မဂါရဝ ကျောင်းထိုင်ဆရာတော်နှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့် တာဝန်ရှိသူများမှ အလှူငွေများလက်ခံရယူပြီး အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများပြန်လည်‌ပေးအပ်ခဲ့ကြောင်းသိရသည်။


အောင်ဇော်မင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment