Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း ၄၈ ဒသမ ၈၀ ရာခိုင်နှုန်းရှိ





MNP ၊    ဇွန်   ၉

ရခိုင်ပြည်နယ် မောင်တောမြို့၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထုတ်ပြန် ခြင်းကို  ယနေ့ နံနက် ၆ နာရီအချိန်မှစတင်၍ မြို့နယ်ပညာရေးမှူးရုံး နှင့် စာသင်ကျောင်းများတွင် ထုတ်ပြန်ပေးခဲ့ကြရာ ကျောင်းသား၊ ကျောင်း သူများ နှင့် ကျောင်းသားမိဘများ စိတ်အေးချမ်းသာစွာကြည့်ရှုနိုင်ရေး အတွက်  သက် ဆိုင်ရာ တာဝန်ရှိ သူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။


မောင်တောမြို့နယ်အတွင်း  တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်ရာခိုင်နှုန်းသည်  ၂၀၂၂ ခုနှစ်တွင် ၃၆ ဒသမ ၂၇ ရာခိုင်နှုန်းရှိခဲ့ရာ ယခု ၂၀၂၃ ခုနှစ်တွင်  ၄၈ ဒသမ ၈၀ ရာခိုင်နှုန်းရှိခဲ့ပြီး  အောင်ချက် ၁၂  ဒသမ ၅၃ ရာခိုင်နှုန်း မြင့်မား လာ ကြောင်း မြို့နယ်ပညာ ရေး မှူး ဦးအောင်မြင့်သိန်း၏ ပြောကြားချက်အရ သိရသည်။


 ၂၀၂၃ ခုနှစ် တက္ကသိုလ် ဝင် စာမေးပွဲတွင် မောင်တော မြို့ နယ်မှ ဝင်ရောက်ဖြေဆိုသူ ကျောင်း သား၊ ကျောင်းသူ (၉၆၁)ဦးရှိခဲ့ပြီး အောင်မြင်သူ (၄၆၉) ဦးရှိကာ အောင်ချက် ရာခိုင်နှုန်း  ၄၈ ဒသမ ၈၀ ရာခိုင် နှုန်းရှိကြောင်း နှင့် မောင်တောမြို့နယ်အတွင်း သုံး ဘာသာ ဂုဏ်ထူးရှင် ၁၅ ဦး ၊ နှစ် ဘာ သာ ဂုဏ်ထူးရှင် ၄၅ ဦး ၊တစ်ဘာသာဂုဏ်ထူးရှင် ၁၆၄ ဦး ရှိ ပါရှိကြောင်း မြို့နယ် ပညာ ရေးမှူးရုံးမှ သိရသည်။


သက်လွင်စိုး၊အောင်ကျော်စိန် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment