Pages

Pages

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က တောင်အာရှနိုင်ငံခြားသတင်းထောက်များအသင်း ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


MNP ၊ ဇွန် ၈

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သည် နယူးဒေလီမြို့ အခြေစိုက် တောင်အာရှနိုင်ငံခြားသတင်းထောက်များအသင်း ဥက္ကဋ္ဌ Mr. Shirumalla Venkat Narayan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၇-၆-၂၀၂၃ ရက်၊ ၁၀ ၃၀ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် နိုင်ငံတော်အစိုးရမှ ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ လမ်းပန်းဆက်သွယ်မှု ချိတ်ဆက်ရေးနှင့် မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး တို့တွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment