Pages

Pages

ဟုမ္မလင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (၆၂.၅၁) ရာခိုင်နှုန်းအောင်မြင်


MNP ၊    ဇွန်   ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် စာစစ်ဌာန၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယနေ့ နံနက်ပိုင်တွင် အခြေခံပညာ အထက်တန်းကျောင်းနှင့် မြို့နယ်ပညာရေးမှူးတို့တွင် ထုတ်ပြန်ခဲ့ရာ (၆၃.၉၉) ရာခိုင်နှုန်းအောင်မြင်ကြောင်း သိရသည်။


ဟုမ္မလင်းမြို့နယ်တွင် စာစစ်ဌာန ၅ ခုဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို ​ဖြေဆိုခဲ့ရာ ဟုမ္မလင်း စာစစ်ဌာ အ.ထ.က (၁)၌ ၆၄၇ ဉီး ဖြေဆိုရာတွင် ၄၁၄ ဉီး အောင်မြင့်၊  ဟုမ္မလင်းစာစစ်ဌာ အ.ထ.က (၂) ၂၈၅ ဖြေဆိုရာတွင် ၁၇၄ ဉီး အောင်မြင်၊ ကက်သာစာစစ်ဌာန၌ ၃၂၅ ဉီး ဖြေဆိုရာတွင် ၁၄၃ ဉီး အောင်မြင်၊ မောင်းခမ်းစာစစ်ဌာန၌ ၂၁၀ ဉီး ဖြေဆိုရာတွင် ၁၁၈ ဉီး အောင်မြင်၊ ထမံသံစာစစ်ဌာန၌ ၃၉ ဉီး ဖြေဆိုရာတွင် ၁၆ ဉီးအောင်မြင် ခဲ့ကြောင်းနှင့် စုစုပေါင်း ၁၅၀၇ ဉီး ဖြေဆိုခဲ့ရာ ၉၄၂ ဉီး အောင်မြင်ခဲ့ကြောင်း သိရသည်။


အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများထဲမှ ငါးဘာသာဂုဏ်ထူးရှင်(၄)ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် (၈) ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၉၁) ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် (၁၃၈) ဦး တစ်ဘာသာရုဏ်ထူးရှင် (၁၈၄)ဉီးရှိပြီး အောင်ချက်ရာနှုန်း (၆၂.၅၁) ရာခိုင်နှုန်းရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးထံက သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment