လွိုင်ကော်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (၉/၂၀၂၃) ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လွိုင်ကော်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (၉/၂၀၂၃) ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲ အခမ်းအနားကျင်းပ



MNP ၊ ဇွန် ၈

၂၀၂၃-၂၀၂၄ ပညာသင်နှစ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ် ပညာသင်တန်း (၉/၂၀၂၃) ကျောင်းသား ၊ ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ တက္ကသိုလ်ပါမောက္ခချုပ်များ ၊ ကျောင်းအုပ်ကြီးများ ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူများက မြတ်ဆရာသီချင်းဖြင့် သီဆို၍အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာတွင် ကယားပြည်နယ်အပါအဝင် နိုင်ငံအတွင်း အခြေခံပညာကျောင်းများ၌  လိုအပ်နေသည့် အရည်အသွေးပြည့်ဝသော မူလတန်းပြဆရာ၊ ဆရာမများ ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဘွဲ့ရရှိပြီးမောင် ၊ မယ်များအတွက် ယခုသင်တန်းကိုဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရက အမျိုးသားပညာရည်မြင့်မားရေးကို အထူးအလေးထားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အခြေခံပညာကဏ္ဍတွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်ကစတင်၍ သင်ရိုးသစ်၊ သင်ကြားနည်းစနစ်အသစ်များနှင့်အတူ လက်တွေ့ကျသည့်ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးထားကြောင်း ၊ ပညာသင်ကြားရေး တာဝန်ယူကြရမည့် ဆရာ၊ ဆရာမများအနေဖြင့် ဆရာ့ကျင့်ဝတ်များနှင့်အညီနည်းမှန်လမ်းမှန် ညွှန်ပြပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းပီသစွာနှင့် မိမိကျရာအခန်းကဏ္ဍ၌ အစွမ်းကုန်ကြိုးစား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သင်တန်းစည်းမျဉ်းစည်းကမ်းများကို စနစ်တကျလိုက်နာပြီး သင်တန်းကာလပြီးဆုံးသည်အထိ ကြိုးစားသင်ယူ ကြစေလိုကြောင်း ပြောကြားခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်ပညာရေးဒီဂရီကောလိပ်ကျောင်းတွင် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ရာ ကျောင်းအုပ်ကြီး ဒေါ်ချယ်ရီထွန်းက လက်ခံရယူခဲ့သည်။


ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားအကအလှများဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစိန်ဦးက ကပြဖျော်ဖြေသွားသည့် အကအဖွဲ့နှင့် အဖွင့်သီချင်းသီဆိုသွားသောအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။


ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာ ၊ ဆရာမများ ၊ ကျောင်းသား ၊ ကျောင်းသူများနှင့် အကအဖွဲ့များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် စကားပြောကြားခဲ့ကြောင်းသိရသည်။


ကိုဇင်(လွိုင်ကော်)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)