Pages

Pages

သံတောင်ကြီးဒေသထွက် မရမ်းသီးခြောက်များဝယ်လိုအားကောင်း



MNP ၊    ဇွန်   ၇

ကရင်ပြည်နယ် ၊ သံတောင်ကြီးဒေသသည်   တောင်ပေါ်ဒေသဖြစ်ပြီး  ဒေသခံပြည်သူများမှာ ဥယျာဉ်ခြံ လုပ်ငန်းဖြစ်သော နှစ်ရှည်ပင်သီးနှံများကို   အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ  မရမ်းသီးပင် စိုက်ပျိုးခြင်းသည် လည်းတစ်ခု အပါအဝင်ဖြစ်ပြီး ယခုအချိန်တွင် မရမ်းသီးခြောက်များ ဝယ်လိုအားကောင်းကြောင်း သိရသည်။


မရမ်းသီးပေါ်ချိန်တွင် မရမ်းသီးမှည့်များကို နှစ်ခြမ်းခွဲ၍ အစေ့ထုတ်ကာ အခြောက်လှမ်းကြသည်။ ထို့နောက် မရမ်းသီးခြောက်များကို မရမ်းယိုပြုလုပ်ရာတွင်လည်းကောင်း၊ ဟင်းချက်ရာ၌   အသုံးပြုပြီး ဒေသခံပြည်သူများ ကြိုက်နှစ်သက်သည့် စားအစာတစ်မျိုးဖြစ်သည်။  မရမ်းသီးခြောက်များသည် ယခုအချိန်တွင် ဝယ်လိုအားကောင်းသည့်အတွက် သံတောင်ကြီးမြို့ပေါ်တွင်သာမက    တောင်ငူမြို့ရှိ    အသီးအနှံ ရောင်းဝယ်သူများထံ သွားရောက် ရောင်းချပြီး  တစ်ပိဿာလျှင်ကျပ် (၅၀၀၀) မှ ကျပ် (၆၀၀၀)ထိ ရရှိသောကြောင့် မရမ်းသီးခြောက် ပြုလုပ်လုပ်ကိုင်သူများမှာ မိသားစုအပိုဝင်ရရှိကြောင်း မရမ်းသီးခြောက်လုပ်ကိုင်သူ ဒေါ်အဲမလေထံက သိရသည်။


နော်နော်မူ

 https://t.me/MyanmarNationalPost




No comments:

Post a Comment