Pages

Pages

ရွှေတောင်မြို့နယ်အတွင်းရှိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေး





MNP ၊ မေ  ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အတွင်းရှိဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေအား ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်နယ်မြေစည်းရုံးရေးမှူး ဗိုလ်မှူးကြီး ကျော်ကျော်လင်းက ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။


အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေးရာ အထကကျောင်းဝန်းအတွင်းရှိ စက်မှု၊စိုက်ပျိုးရေးနှင့်မွေးမြူရေးအသက်မွေးသင်တန်းကျောင်း ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ကျောင်းသား ၊ကျောင်းသူများ ကျောင်းအပ်လက်ခံထားမှုအခြေအနေများ၊ရွှေတောင်မြို့နယ်ပြည်သူ့ဆေးရုံတွင် ပြည်သူများ၏ ဆေးကုသခံယူနေမှုအခြေအနေများ၊ ရွှေတောင်မြို့နယ် စည်ပင်သာယာစျေးတွင် စျေးရောင်း /ဝယ်များ ရောင်းရောင်းချမှုအခြေအနေများနှင့်စျေးရုံပြုပြင်နိုင်ရေးလုပ်ငန်းများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

 https://t.me/MyanmarNationalPost












No comments:

Post a Comment