မြို့သစ်မြို့နယ်တွင် ကြက်သွန်နီအသစ်‌ပေါ်ချိန် ဈေးကောင်းရ၍ အဆင်ပြေ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြို့သစ်မြို့နယ်တွင် ကြက်သွန်နီအသစ်‌ပေါ်ချိန် ဈေးကောင်းရ၍ အဆင်ပြေ


MNP ၊    ဇွန်   ၆

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကြက်သွန်နီများအသစ်ပေါ်ချိန် ဈေးကောင်းရရှိကြောင်း သိရသည်။


မြို့သစ်မြို့နယ်ရှိ ဒေသခံတောင်သူများသည် နွေသီးနှံကြက်သွန်နီကို မိသားစုဝင်ငွေတိုးပွားရေးအတွက် အဓိကစိုက်ပျိုးဆောင်ရွက်ကြရာ မြို့သစ်စည်ပင်သာယာစျေးအတွင်းသို့ နေ့စဉ် ကြက်သွန်နီကုန်ချိန် ငါးရာဝန်းကျင်ခန့် ဝင်ရောက်လျက်ရှိပြီး လက်ရှိအရောင်းအဝယ်ဈေးမှာ တစ်ပိဿာလျှင် အမြင့်ဆုံးဈေး (၂၀၀၀)ကျပ်မှ (၂၈၀၀) ကျပ်ဝန်းကျင်ရှိကြောင်း သိရသည်။


ဖေဖော်ဝါရီလဆန်းပိုင်းက ကြက်သွန်နီဈေးကျဆင်းလာပြီး ယခုနောက်ပိုင်း ကြက်သွန်နီပေါ်ချိန်တွင် ကြက်သွန်နီစိုက်ပျိုးတောင်သူများအနေဖြင့် ကြက်သွန်နီထွက်နှုန်းများ ကောင်းမွန်ခြင်းရှိပြီး ရောင်းချမှု၌လည်း ဈေးနှုန်း‌ကောင်းရရှိခဲ့ကြောင်း၊ လက်ရှိဖြစ်ပေါ်လျက်ရှိသော ဈေးတွင် ကြက်သွန်နီထွက်နှုန်းကောင်းမွန်သဖြင့် စိုက်ပျိုးစရိတ်၊ သွင်းအားစု၊ လုပ်သားစရိတ်များ အရှုံးမရှိသေးဘဲ အမြတ်နည်းရုံသာရှိကြောင်း သိရသည်။


ကြက်သွန်နီတင်ပို့ရောင်းချသူများအနေဖြင့် လက်ရှိထွက်ပေါ်နေသော ကြက်သွန်နီအသစ်များ လှိုင်လှိုင်ပေါ်သည့် ဧပြီလနှင့် မေလအချိန်တို့မှစတင်၍ သိုလှောင်မှုအတွက် ဝယ်ယူကာ ဒေသအသီးသီးသို့ တင်ပို့ရောင်းချရကြောင်း သိရသည်။


သန်းဝင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)