MNP ၊ ဇွန် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများအား ဆက်လက် ထုတ်ချေးပေးလျက်ရှိသည်။
ဒေးဒရဲမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၈၀)စုမှ တောင်သူ (၂၅၀၀)ဦး၏ စိုက်ပျိုးမြေ (၁၈၀၀၀) ဧကအား တစ်ဧကလျှင် တစ်သိန်းခွဲ နှုန်းဖြင့် စိုက်ပျိုးချိန်အမီ ထုတ်ချေးပေးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ကျေးရွာအုပ်စု (၁၁)စုက တောင်သူ (၃၀၆)ဦး၏ စိုက်ပျိုးဧက (၂၁၇၃)ဧကအတွက်ငွေ (၃၂၅၉၅၀၀၀၀)ကျပ်ကို ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရပြီး စိုက်ပျိုးစရိတ်ချေးငွေများကို တစ်နှစ်အတိုးနှုန်း (၅%)နှုန်းဖြင့် ၂၀၂၄ ခုနှစ် ဧပြီလနောက်ဆုံးထား၍ ပြန်လည်ပေးဆပ်ရ မည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
အေဇာလင်း
https://t.me/MyanmarNationalPost

No comments:
Post a Comment