Pages

Pages

မိုင်းရှူးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ




MNP ၊    ဇွန်   ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် သစ်တောဦးစီးဌာနက “၂၀၂၃ ခုနှစ်၊ မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ” အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက ဝမ်ဆော့ကျေးရွာအုပ်စု၊ ဟိုက်ဟောင်ကျေးရွာ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်၊ ဒုတိယဗိုလ်မှူးကြီး ဝင်းကိုကိုနှင့် ဒုတိယရဲမှူးကြီးမြတ်မင်းထွေးတို့က မယ်ဇလီ၊ ချယ်ရီ၊ စိန်ပင်းနှင့် ရေသင်းဝင်ပျိုးပင်များအား တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့သည်။


ထို့နောက် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများက စိန်ပန်း(၁၃၀)ပင်၊ မယ်ဇလီ(၅၀)ပင်၊ ချယ်ရီ(၁၂၀)ပင်၊ ရေသင်းဝင်(၈၀)ပင်  စုစုပေါင်း အပင်(၃၈၀)ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီး အဆိုပါ စု‌ပေါင်းစိုက်ပျိုးနေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းအားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။


သန်းလူ

 https://t.me/MyanmarNationalPost




No comments:

Post a Comment