Pages

Pages

သူရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဇာဗီဆိုင်မွန်ပြောကြား



MNP - ဇွန်  ၁၀


PSVအသင်းရဲ့ လူငယ်ကြယ်ပွင့် ကွင်းလယ်နှင့် တောင်ပံတိုက်စစ်သမားလေး ဇာဗီ ဆိုင်မွန်က သူ့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး “အခုတော့ အများကြီးပြောင်းလဲသွားပါပြီ။ မန်နေဂျာအသစ်နဲ့ တွေ့တာ ဒါမှမဟုတ် စကားမပြောရသေးပါဘူး၊ သူနဲ့စကားပြောပြီး PSV နဲ့ထိုင်ပြီး ကျွန်တော့်အနာဂတ်ကို ဆုံးဖြတ်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ဇာဗီ ဆိုင်မွန်က “PSGအသင်းနဲ့ စာချုပ်မှာ ကျွန်တော့်ကို ပြန်လည်ခေါ်ယူခွင့် ပါဝင်တာကို ကျွန်တော်သိပါတယ်၊ ဒါပေမယ့် ကျွန်တော်သိသလောက်တော့ သူတို့မှာ မန်နေဂျာတစ်ယောက်မှ မရှိသေးပါဘူး” လို့ ထပ်လောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ အသက် ၂၀အရွယ် နယ်သာလန်သားဟာ PSVအသင်းအတွက် ပြီးခဲ့တဲ့ရာသီ ၄၅ပွဲပါဝင်ကစားထားပြီး ၂၁ဂိုးသွင်း၊ ၉ဂိုးဖန်တီးထားတာဖြစ်ပြီး ဥရောပအသင်းကြီးအများစုရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတာ ဖြစ်ပါတယ်။


souce -  Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment