Pages

Pages

အမ်းမြို့နယ်၌ ၂၀၂၂- ၂၀၂၃ ပညာသင် နှစ် တက္ကသိုလ်ဝင်စာမေး ပွဲ အောင်မြင် သူ(၅၉.၆၃%)ဦးရှိ





MNP ၊    ဇွန်   ၉

    ရခိုင်ပြည်နယ်၊ အမ်း ခရိုင်၊ အမ်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကိုယနေ့ နံနက် ၆ နာရီအချိန်တွင်မြို့နယ်ပညာရေးမှူးရုံးနှင့်စာစစ်ဌာနကျောင်းများ၌ထုတ်ပြန်ကြေညာထားကြောင်းသိရသည်။


အမ်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို  မြို့ပေါ် ရပ်ကွက်ရှိ အမှတ်(၁) အထက၊ အမှတ်(၂) အထက၊ အမှတ်(၃) အထက၊  အထက (တပ်တောင်) စာစစ်ဌာန(၄)ခုတွင် ကျောင်းတွင်းမှဖြေဆိုသည့်ကျောင်းသားကျောင်းသူ(၆၅)ဦးအနက်(၄၇)ဦး၊ ပြင်ပမှဖြေဆိုမည့်သူ(၇၅၅)ဦးအနက်(၄၄၂)ဦးစုစုပေါင်း (၈၂၀) ဦးဝင်ရောက်ဖြေဆိုရာ(၄၈၉) ဦးအောင်မြင်ခဲ့၍ အမ်းမြို့နယ် တစ်ခုလုံးတွင်တက္က သိုလ်ဝင်စာမေး ပွဲ အောင်မြင်သူစုစု ပေါင်း (၅၉.၆၃%) ဦးရှိကြောင်းနှင့် ဂုဏ်ထူးဖြင့်အောင်မြင်သူ (၃) ဘာသာ ၈ ဦး(၂) ဘာ သာ-၃၇ ဦး(၁)ဘာသာ-၁၅၅ ဦးစုစုပေါင်း(၂၀၀)ဦးရှိကြောင်းမြို့နယ်ပညာရေးမှူးရုံး မှသိရသည်။


အမ်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို  စာစစ်ဌာန (၄)ခုတွင်ဖြေဆိုအောင်မြင်သူ

များအားသက်ဆိုင်ရာစာစစ်ဌာနများနှင့်မြို့နယ်ပညာရေးမှူး ရုံး၌ထုတ်ပြန်ထားရာလာရောက်ကြည့်ရှုသူများတွေ့ရှိရ ပါသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment